မနိုင့် တနိုင်...
အားမာန်အပြည့်နဲ့..
စားစရာအရေးအတွက်..
ရုန်းကန်နေရတဲ့ကလေးငယ်ရယ်...။
မင်းမိဘရယ်...
မပြည့်ဆုံ လှတော့...
မင်းလေး..မောရပြီပေါ့ကလေးရယ်..။
အဖြူအစိမ်း...
ကျောင်းစိမ်းလေးနဲ့..
ပျော်ရွင်ရမယ့် မင်းလေးအရွယ်..
အကိုမြင်ယောင်မိပါတယ်...။
ကံကြမ္မာ...
မျက်နှာသာမပေးတော့..
ဘဝစာအရေးတွက်...
လှုပ်ရှားနေပါသော..ကလေးရယ်....
အကိုဖြင့်...ဝမ်းနည်းလှပေါ့ကွယ်....။
ရင်တွင်းမခံနိုင်...
စိတ်တွင်..ဝမ်းနည်း..ထိုမြင်ကွင်းထဲ..
ကျွန်တော့်....အသည်းလည်း...တုန်ယင်နေစဲ..
ကလေးရယ်.....။
(ရင်ခွင်ငယ်)**##
(ချစ်ဦးမောင်)** ခံစားရေးသားသည်...။

No comments:
Post a Comment